မဟလ္လတာ/မလ္လိကာတန်ဆာ အဖိုးတစ်သိန်းထိုက်တဲ့တန်ဆာမို့ ဘုန်းကံရှိသူမှဝတ်ရတယ်ဆိုကြတယ်။ ဘုရားလက်ထက်တော်က ဝိသာခါ ကျောင်းဒကာမကြီးဟာ မဟလ္လတာတန်ဆာကြီးကို ဝတ်ရုံဆင်မြန်းခွင့်ရခဲ့ပါတယ်.. ( မဟလ္လတာတန်ဆာဝတ်ရုံကြီးဆိုတာ ၁။ စိန်အစစ်က (၄)ပြည် ၂။ ပုလဲတွေက (၁၁)ပြည် ၃။ မြနဲ့သန္တာတွေက (၂၂)ပြည် ၄။ နီလာနဲ့ ပတ္တမြားတွေက (၃၃)ပြည် အခြားရတနာတွေကလည်း မရေမတွက် နိုင်အောင်များတယ်။ ချည်ကလဲ ရွှေချည်နဲ့ ငွေချည်ပဲပါတယ်။ တန်ဆာကြီးရဲ့တန်ဖိုးဟာ (၉)ကုဋေအဖိုးထိုက်ပါတယ်....။ လက်ခကိုက (၁)သိန်းပေးရတယ်....။ ပန်းတိမ်သည်ပေါင်း (၅၀၀) လုပ်တာတောင် (၄)လကြာမှပြီးတယ်.။ ဆင်မြန်းလိုက်လို့ အဝေးကမြင်ရရင် ဒေါင်း အစစ် ကနေ သလိုပါပဲတဲ့.. လမ်းသွားရင်လဲ ရွှေခြူ ငွေဆွဲလှည်းတွေရဲ့ သံစုံသာယာတေးလေးတွေကလည်း ထွက်နေပါသေးတယ်. မဟလ္လတာတန်ဆာကို ဝတ်ဆင်ရမည့်သူကလည်း အဲဒီဘဝမှာ ဆင်ပြောင်ကြီးငါးစီး အားမာန်ကြီးတဲ့ဘဝဖြစ်ရတယ်. ဒါမှလည်းဝတ်နိုင်ပါတယ်. ထင်ရှားတဲ့ရတနာတွေကိုပဲ တွက်ရင် တင်းနဲ့တွက်မယ်ဆိုရင် ပြည်ပေါင်း (၇၀)ဆိုတော့ (၄)တင်းနဲ့(၆)ပြည် ရှိပါတယ်......။ အခြားရတနာတွေက များလွန်းတဲ့အတွက် ရေတွက်လို့မရပါဘူး. ရွှေပိဿာချိန်ကလဲ (၁)ထောင်ဆိုတော့ လေးလံလွန်းတဲ့အတွက် သာမန်အမျိုးသမီးတွေအနေနဲ့ ဘယ်လိုနည်းနဲ့မှ မဝတ်ရုံနိုင်ပါဘူး။ ) လို့ဆိုကြပါတယ် ဘုရင်၊ မိဖုရားတွေလက်ထက်က နောက်ဆုံးဝတ်ခဲ့တဲ့တန်ဆာမျိုးကို အမရပူရဇော်ရုပ်သေးမိသားစုက မြန်မာ့ရွှေချည်ထိုးပညာ၊ ဖန်ကျောက်၊ပုလဲတို့နဲ့ ပြန်လည်အသက်သွင်းဖန်တီးထားပါတယ်။ လက်ရှိ ကျပ်ငွေ ၁၀ သိန်းခန့်တန်တယ်လို့လည်းသိရပါတယ်။ဒီတစ်သက် ဖန်တီးသူမရှိနိုင်တော့ဘူး၊ အပြင်မှာ တွေ့ခွင့်မရတော့ဘူးထင်ခဲ့တဲ့တန်ဆာမျိုး မြင်တွေ့ခွင့်ရတာကို ဝမ်းသာရတာပါ။မြန်မာမှုစုဆောင်းရေးဝါသနာရှင်တစ်ဦး အပ်ထားတဲ့အော်ဒါဖြစ်ပါတယ်တဲ့။ ပန်းပြား၊ ပန်းခွက်၊ ဘော်ကြယ်၊ ရွှေချည်၊ဘူးနွယ်တွေနဲ့ အနုစိတ်ထိုးထားတဲ့ ရွှေချည်ထိုးလက်ရာမို့ အချိန်၁လကျော် ဖန်တီးခဲ့ရတယ်လို့လည်းသိရပါတယ်။ လေ့လာခွင့်ပေးသော ဇော်ရုပ်သေးမိသားစုအား ကျေးဇူးအထူးတင်ရှိပါတယ်

Comments

Popular posts from this blog