နန်းစဉ်မင်းရုပ်ထုတော်များ (ကုန်းဘောင်ခေတ်) ဇေတ၀န်ဆောင်၏ကွန်းစင်အတွင်း၌ ရတနာသိင်္ဃကုန်ဘောင်ရွှေမြို့တော်ကြီးကိုတည်တော်မူသောအလောင်းမင် တရာကြီးမှစ၍မင်းရုပ်ထုတော်များကို ရွှေစင်ရွှေသားအစစ်ဖြင့်ပြုလုပ်လျှက်သံကွန်ရက်ဖြင့်ကာရံသော့အလုံခတ် ထားလေသည်။ မင်းရုပ်ထုတော်များကိုဇေတ၀န်ဆောင်တွင်အမြဲထားခြင်းမဟုတ်ဘဲပူဇော်သောအချိန်သာခေတ္တာထား၍၊ရွှေတိုက်တော်၌လုံခြုံစွာစောင့်ရှောက် သိမ်ဆည်ထာခဲ့ကြသည်။ရုပ်ထုတော် တစ်ခုလျှင်ရွှေချိန် ၁၆ ကျပ်သားရှိလေ သည်။၎င်းရုပ်ထုတော်များမှာ ၁။ အလောင်းမင်းတရားကြီး ၂။ ၎င်းမိဖုရာကြီး ၃ ။စစ်ကိုင်းမြို့တည်မင်း(နောင်တော် ကြီးမင်း) ၄ ။၎င်းမိဖုရာကြီး ၅ ။ဆင်ဖြူရှင်မင်းကြီး ၆ ။၎င်းမိဖုရာကြီး ၇ ။အမရပူရမြို့တည်မင်း(ဘိုးတော်) ၈ ။၎င်းမိဖုရာကြီး ၉ ။၎င်းမြောက်နန်းမိဖုရား ၁၀။အိမ်ရှေ့မင်း(စစ်ကိုင်မင်းနှင့်ရွှေဘို မင်းတို့၏ဘခမည်တော်) ၁၁။၎င်းမိဖုရား ၁၂။ပုဂံဘုရင်ခံမင်း(ရွှေဘိုမင်း ယောက္ခမ) ၁၃။ရတနာပူရစစတုထ္တမြို့တည်မင်း (ဘကြီးတော်) ၁၄။ရွှေဘိုမင်း ၁၅။၎င်းတောင်ဆောင်တော်မိဖုရား ( မင်းတုန်းမင်း၏မယ်တော်) ၁၆။မန္တလေးမြို့တည်မင်း၏နန်းမတော် (စကြာဒေ၀ီမိဖုရာခေါင်ကြီး) ၁၇။မန္တလေးမြို့တည်မင်း (မင်းတုန်းမင်း) တို့ဖြစ်သည်။ ၎င်းနန်စဉ်မင်းရုပ်တို့ကိုနောင်အစဉ်အဆက်မင်းတို့ကဘုန်တန်ခိုးတိုစေခြင်းအလို့ငှာလ္ဆန်း ၁ ရက်နေ့တိုင်းပူဇော်ကြလေသည်။ နန်းစဉ်ရုပ်ထုများကိုတတိယအင်္ဂလိပ်မြန်မာစစ်အပြီးတွင်ဗြိတိသျှတို့ကစစ် သိမ်းပစ္စည်အဖြစ်သိမ်းယူခဲ့ကြသည်။ မှတ်ချက်။သမိုင်းအရနန်စဉ်မင်းရုပ်ထု တော် ၁၇ ခုရှိသော်လည်း မှတ်တမ်းဓာတ်ပုံ ၁၀ ပုံခုသာတွေ့ရ သည်။်

Comments

Popular posts from this blog